ကျောက်ဖြူ ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးများအား(ဒုတိယအကြိမ်မြောက်)ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဌာန မှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ် တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများ က ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံပေးသည်။
ကျောက်ဖြူမြို့နယ်၌ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ အသက်(၅)နှစ်မှ(၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၈၄၉၇) ဦးအား ပထမအကြိမ်ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်ကာ ယနေ့တွင် အမက(အစိုးရရပ် ကွက်)၊ အလက(၄)နှင့် ကညင်တော(မူလွန်)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ်မြောက် ပြန်လည်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment