သထုံမြို့၊ ဓမ္မမေဒနီ ပရိယတ္တိစာသင်တိုက်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများမှ ဆွမ်းဆန်တော်များ ဆပ်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့၊ ဓမ္မမေဒနီ ပရိယတ္တိစာသင်တိုက်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများမှ ဆွမ်းဆန်တော်များ ဆပ်ကပ်လှူဒါန်း



MNP ၊  ဇူလိုင်  ၂၈

မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ဓမ္မမေဒနီ ပရိယတ္တစာသင်တိုက်တွင် သံယာတော်များ ဝါတွင်းကာလ ဆွမ်းကိစ္စအထောက်ပံ့ဖြစ်စေရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဆွမ်းဆန်တော်များ သွားရောက် ဆပ်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ ဆပ်ကပ်ရာတွင် သထုံမြို့၊ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ပိဋကတ္တယပါရဂူ၊ သာသနာ့ဓဇ သိရိပဝရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉာဏောသူရိယာဘိဝံသထံမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့် ဝန်ထမ်းများက ဩဝါဒစကားများနာယူကြပြီး ကျောင်းတိုက်ရှိ သံဃာတော်များအတွက် တစ်ဆုပ်တစ်မ ဆွမ်းဆန်စိမ်းအလှူအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများစုပေါင်းလှူဒါန်းသည့် ၂၄ ပြည်ဝင် ဆန်အိတ် ၈ အိတ်အား ဆရာတော်ထံဆပ်ကပ်လှူဒါန်းကာ လှူဒါန်းမှုအတွက် ရေစက်သွန်ချအမျှဝေပေးခဲ့ကြကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)