MNP - ဇူလိုင် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း၊ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများအား ဆေးထိုးစုရပ်များသက်မှတ်ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ယနေ့မှစ၍ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
ကျောင်းနေအရွယ်၊ လူငယ်လူရွယ်များအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား Sinopharm ဆေးကိုလည်းကောင်း၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား/ကျောင်းသူများအား Myncopharm အမျိုးအစားကိုလည်းကောင်း ထိုးနှံပေးခြင်းဖြစ်သည်။ ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရေးလုပ်ငန်းကို ဇူလိုင်(၆)ရက်နေ့မှ စတင်ကာ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အလှည့်ကျ ထိုးနှံပေးမည်ဖြစ်သည်။ ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် ပင်းတယမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌလမ်းညွှန်မှုဖြင့် ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - အေးအေးလတ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment