ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား /သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား /သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကွင်းဆင်းထိုးနှံပေး



MNP - ဇူလိုင်   ၆


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်နှင့်အထက်  ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌‌အေးချမ်းသာစွာ ပညာသင်ကြားနိုင်‌စေရန်၊ ကာကွယ်‌ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် ပိုင်ကျုံမြို့ အ.ထ.ကကျောင်းရှိကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်နှင့်အထက်ကျောင်း သားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဇွန်လ ၂ ရက်နေ့မှစတင်ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ကျောင်းသား/သူ စုစုပေါင်း(၂၅၈၁)ဦးထိုးနှံပေးခဲ့ပြီး ပိုင်ကျုံမြို့ အ.ထ.ကကျောင်းတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား/သူ (၁၃၀)ဦးအား ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ကျောင်းသား/သူများကိုလည်း ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက်  ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကွင်း‌ဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


‌အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကြီးကြပ်မှုဖြင့် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေးလာရောက်ထိုးနှံသည့်ကျောင်းသား/သူများအား ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးမှူးများ၊  စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား၊ကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်ရေးအတွက် ကိုယ် အပူချိန်တိုင်း တာ‌ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာ‌ပေးခြင်းလုပ်ငန်းများအား  ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)