ထားဝယ်မြို့တွင် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၆/၂ဝ၂၂)ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၆/၂ဝ၂၂)ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP ၊ ဇူလိုင် ၁၁ 

တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနတို့ပူးပေါင်း၍တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၆/၂ဝ၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၊အစည်းအဝေးခန်းမ ၌ ကျင်းပသည်။ 


အခမ်းအနားတွင် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးမှူး ဦးမျိုးမြင့်နိုင်က ဌာနအနေဖြင့် ဒေသခံပြည်သူ လူထုများအတွက်အလုပ်အကိုင်အခွင်လမ်းများရရှိစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများတိုးတက်လာစေရန်အတွက်  သက်မွေးဝမ်းကျောင်းပညာပေးသင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ အလုပ်အကိုင်အခွင်အလမ်းများနှင့် စွန်ဦး တီထွင် လုပ်ငန်းများဖော်ဆောင်ရာတွင်အသေးစားလုပ်ငန်းများသည် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ ယခု သင်တန်းတွင်ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ Value Add ထုတ်လုပ်နည်းများအား သင်ကြားသွားမည်ဖြစ်ကြောင်း နှင့် Value Add ထုတ်လုပ်ခြင်းဖြင့်မူလတန်းဖိုးထက်ပိုမိုမြင့်လာပြီးဝင်ငွေပိုမိုတိုးတက်ရရှိလာမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ ရရှိသောနည်းပညာများဖြင့်လုပ်ငန်းများဆောင်ရွက်စေလိုပါကြောင်းပြောကြားသည်။ 


သင်တန်းတွင် ထားဝယ်နှင့်မြိတ်မြို့နယ်ရှိဒေသခံတိုင်းရင်းသားများဖြစ်သော ဆလုံ(မော်ကင်း)၊ မွန်၊ ဗမာ၊ ကရင်၊ လူမျိုး(၂၃) ဦး အား ဒေသအတွင်းပေါများစွာထွက်ရှိသောနာနတ်သီး၊ မန်ကျည်းသီး၊ သံပုရာသီး၊ သရက်သီး၊ ရှောက်သီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီးတို့ကိုအခြေခံ၍ နာနတ်သီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ သံပုရာဖျော်ရည်၊ နာနတ်သီး(Syrup)၊ သရက်သီးယို၊ ခရမ်းချဉ်သီးယို၊ ရှောက်တလုံးယို၊ သင်္ဘောသီးယိုနှင့် သစ်သီးဂျယ်လီ စသည့်ထုတ်လုပ်မှုနည်းများအား နည်းပြများဖြစ်သော သုတေသနလက်ထောက်-၃ ဒေါ်ဆုသက်ဌေးနှင့်အကြီးတန်းစာရေးဒေါ်နှင်းဝင့်ရိတို့က စာတွေ့ နှင့် လက်တွေ့ သင်ကြားပို့ချသွားမည်အပြင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းများလုပ်ငန်း(၁)ခု ထူထောင်လုပ်ကိုင် ဆောင်ရွက်ခြင်း၊ ဈေးကွက်နှင့်ချိတ်ဆက်ခြင်း၊ မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း၊ Good Manufacturing Practice (GMP) Good Hygienic Practice (GHP) တို့ကိုလည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ 


သတင်း - ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)