ကြံခင်းမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

 



MNP - ဇူလိုင်   ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီ  နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ယမန်နေ့ နေ့လယ် ပိုင်းက ကြံခင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က  ပညာရေးဝန်ကြီးဌာန၏  ဆောင်ပုဒ်ဖြစ်သည့်  စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ရေး၊ “ပညာရေးဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော  နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုတဲ့ ပညာရေးဆောင်ပုဒ်များကို  ကျောင်းသား၊ ကျောင်းသူများ သိရှိမှတ်သားနိုင်ရန်  ရှင်းလင်းဟောပြောခဲ့သည်။


ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ  လူငယ် နှင့် စာဖတ်ခြင်း၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူး (၇)မျိုးအားလည်းကောင်း၊   မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး (တာဝန်ခံ) ဒေါ်ခင်မိုးဝါမှ လူငယ်နှင့်အားကစားဆိုင်ရာ သိကောင်းစရာများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာတွင် လူငယ်များနှင့် ပတ်သက်၍ ဖော်ပြထားသည့် အချက် (၁၆)ချက်တို့အား ရှင်းလင်းဟောပြောပြီးနောက် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမော်အား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန  နည်းစနစ်မှူး (တာဝန်ခံ) ဒေါ်ခင်မိုးဝါမှ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။


ဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး (တာဝန်ခံ) ဒေါ်ခင်မိုးဝါနှင့် ဝန်ထမ်းများ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၄၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)