MNP - ဇူလိုင် ၁၂
ဝါဆိုလပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရာများအနက် ကောင်းမှုတော်မြတ်စွာ ဘုရားကြီး တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ စတုဒိသာ ကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
"ကျွန်မတို့က ကျောက်ပန်းတောင်းမြို့ကနေ လာရောက်ပြီး စစ်ကိုင်းမှာရှိတဲ့ ဘုရားတွေကို လာရောက် ဖူးမြော်တာပါ ဘုရားဖူးချင်နေတာကြာပါပြီ ယခင်က ကိုဗစ်-၁၉ ရောဂါတွေကြောင့် မလာရောက်နိုင်ခဲ့ ကြဘူး အခုတော့ မိသားစုတွေရဲ့ဆန္ဒတွေ ပြည့်ဝသွားပါပြီ ဆွမ်းဦးပုညရှင်ဘုရားကြီးကိုလည်း သွားရောက်ဖူးမြော်အုံးမှာ ပါ" ဟု ဒေါ်နွယ်နီက ပြောပြခဲ့သည်။
အလားတူ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်ဘုရား၊ ဥမှင်သုံးဆယ်ဘုရားကြီးများတွင်လည်း အနယ်နယ် အရပ်ရပ်မှ ဘရားဖူးပြည်သူများ၊ ဥပုသ်သီလဆောက်တည်သူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
သတင်း - ဇော်မြင့်နိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment