သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





MNP ၊ ဇူလိုင်  ၁၄

သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်၁၀နာရီက သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမျိုးချစ်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သံတွဲမြို့နယ်တွင် အရေးပေါ် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလက်တွေ့ဇာတ်တိုက်သရုပ်ပြ လေ့ကျင့် ဆောင်ရွက်မည့်  လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင် များက လိုအပ်ချက်များကိုဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များအရ ရှာဖွေကယ်ဆယ်ရေးလက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်းကို တစ်လလျှင် နှစ်ကြိမ်ဆောင်ရွက်ရေး၊ ဂွမြို့နယ်တွင် ဆိုင်ကလုံးရှယ်တာ (၃)လုံး ဆောက်လုပ်နိုင်ရေး တင်ပြရန်၊ ခရိုင်/မြို့နယ်များအလိုက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ပြီး  ပြည်သူများ သိရှိနားလည်အောင် ဆွေးနွေး ဟောပြောခြင်းများဆောင်ရွက်ကြရေး၊ သတင်းပြန်ကြားရေး ကော်မတီများအနေဖြင့် မုန်တိုင်းအန္တရာယ်အတွက် အရောင်အဆင့်အလိုက်သတ်မှတ်ထားရှိမှုအား ပြည်သူများသိရှိနားလည်အောင် နှိုးဆော်ပေးရန်၊ အရောင်အဆင့်အလိုက်  (၄ ပေx ၆ပေ)အလံ ၄ ခု ထားရှိပြီး ဆိုင်ကလုံးရှယ်တာများနှင့် အရေးပေါ်ကယ်ဆယ်ရေးစခန်းများတွင် အဆင့်အလိုက်လွှင့်ထူထားရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွါးပါက အသုံးပြုရန်စုဆောင်းထားရှိသော စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများသိုလှောင်ထားရှိမှုများအား စာရင်းပြုစုပြီးကော်မတီသို့တင်ပြရန်၊ ဆိုင်ကလုံး ရှယ်တာများ ပြင်ဆင်ပြီး၊ပြင်ဆင်ဆဲ၊ မပြုပြင်ရသေးသည့် အခြေအနေများကိုစာရင်းပြုစုတင်ပြရန်နှင့် ဒေသဆိုင်ရာ လူမှုရေးအသင်းအဖွဲ့မှ အမှန်အကန်ဆောင်ရွက်နိုင်မှုအင်အားပြုစုတင်ပြကြရေးတို့ကို ထပ်ဆင့်ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌက သံတွဲမြို့နယ်အတွင်း ရှာဖွေကယ်ဆယ်ရေးလက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်းများကို အသေးစိတ် စီမံချက်များရေးဆွဲပြီး  ထိထိရောက်ရောက်စနစ်တကျ  ဆောင်ရွက်ကြရန်၊ ပြည်သူများနှင့် စာသင် ကျောင်းများကိုပါသွားရောက်ပြီး အသိပညာပေးဟောပြောပွဲများ ထိထိရောက်ရောက်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)