MNP - ဇူလိုင် ၁၄
ပဲခူးတိုင်းဒသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများနှင့် ကုန်ပစ္စည်းများ ရောင်းဝယ်မှုမရှိစေရေးအတွက် သာယာဝတီခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သိန်းနှင့် ဝန်ထမ်းများ၊ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးတင်ဦးနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်းနှင့် မြို့နယ်ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက လက်ပံတန်း မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသည့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့သည် အမိုနီယမ်နိုက်ထရိုတ်များအား ဓာတ်မြေဩဇာများနှင့် ရောနှောသယ်ဆောင်မှု၊ အိတ်သွတ်သယ်ဆောင်မှုများမရှိစေရေး၊ တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းရောင်းချမှု မပြုရေးစစ်ဆေးဆောင်ရွက်ပြီး၊ လုပ်ငန်းလိုင်စင်ရရှိပြီး၊ ဥပဒေနှင့်အညီ ကုန်ပစ္စည်းများတင်သွင်း ရောင်းချရေးဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment