MNP - ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ယမန်နေ့ည (၁၀) နာရီ ၂၂ မိနစ်အချိန်ခန့်က ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု၊ စေတီပြင်ကျေးရွာတွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု၊ စေတီပြင်ကျေးရွာရှိ နေအိမ်တွင်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိဝါးထရံသို့ မီးကူးစက် လောင်ကျွမ်းပြီး ဘေးကပ်လျက်ရှိ နေအိမ်(၁)လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၂)စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည(၁၀)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် ဓနိမိုး၊ ဝါးထရံကာ၊ မြေစိုက်နေအိမ်(၁)လုံးနှင့် ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး၊ စုစုပေါင်း နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းနှင့် မီးပေါ့ဆစွာအသုံးပြုခဲ့သူအား (ပြင်ဖြူ) နယ်မြေစခန်းတွင် အမှုဖွင့်လှစ်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment