ကျွန်းစုမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲခဲ့ရာ မီးသတ်ဦးစီးဌာနမှ ခုတ်ထွင်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲခဲ့ရာ မီးသတ်ဦးစီးဌာနမှ ခုတ်ထွင်ရှင်းလင်း




MNP - ဇူလိုင်  ၁၄


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အ.ထ.က ကျွန်းစုကျောင်းအတွင်း၌ ခရေပင် ပြိုလဲခဲ့ရာ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ရှင်းလင်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်(၈)ဦးက အခြေခံပညာကျောင်းအတွင်းရှိ ခရေပင်ပြိုလဲနေမှုအားသစ်ဖြတ်စက်များဖြင့် ခုတ်ထွင်ရှင်းလင်းခဲ့ပြီးအမှိုက်များအား စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။


သတင်း - စည်သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)