မအီမြို့ပေါ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်နိုင် စေရေး ညှိနှိုင်းစည်းဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ပေါ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်နိုင် စေရေး ညှိနှိုင်းစည်းဝေးကျင်းပ




MNP - ဇူလိုင်   ၉


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေး၊ တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  ဦးစားပေးအစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်စေနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် မြို့ပေါ် ပြည်သူများဖြင့် စည်းဝေးညှိနှိုင်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ မြို့အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ညှိနှိုင်းဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မအီမြို့ပေါ် ရပ်ကွက်များအတွင်း ခြင်များ ခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်း များနှင့်  အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ခြင်ဆေးများမှုတ်ပေးခြင်း၊ ခြင်များပေါက်ဖွားနိုင်သည့် ရေတင်ကျန်နိုင်သော နေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ တာယာခွံ၊ ပလပ်စတစ်ခွံများရှင်းလင်းရှင်း၊ ရေနှုတ်မြောင်းများနှင့် Box Culvert များအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးများ ခတ်ပေးခြင်း စသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင် စေရေးအတွက် တောင်ကုတ်မြို့နယ်၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ လာရောက်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ မနက်ဖြန်မှစတင်၍ အဆိုပါခြင်းဖျန်ခြင်း၊ အဘိတ်ဆေးခတ် ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပါ၍ ဖော်ပြပါလုပ်ငန်းမျာဆောင်ရွက်သည့်အခါ မြို့လူထုအနေဖြင့် မိမိဒေသ အကျိုးအလို့ငှာ အလေးထားလိုက်ပါ ကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့သည်။


သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၂-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၉)ရက်နေ့အထိ (၃၅၆၂)ဦးအထိရှိပြီး သေဆုံးသူ(၁၁)ဦးအထိ ရှိကြောင်း၊ ၎င်းရောဂါသည် ကပ်ရောဂါအသွင်ဖြစ်ပွားမှုဖြင့် (၂)နှစ်လျှင် တစ်ကြိမ်(သို့မဟုတ်) (၃)နှစ်လျှင် တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅ ခုနှစ်များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်း များပြားခဲ့ခြင်းကြောင့် အခုလို မအီမြို့အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် လိုက်ပါပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ဖော်ပြပါ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


သတင်း - မောင်မောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)