MNP ၊ ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ကျောင်းရှိ နဝရတ်ခန်းမနှင့် အထက်တန်းအဆောင်စာသင်ခန်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်မေသန်း ကြည်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းဟောပြောပြီး Grade- 8 မှ မောင်မျိုးမြင့်ကျော်မှ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများ၏ အထ္တုပ္ပတ္တိအကြောင်းအရာများအားလည်းကောင်း၊ Grade 7 မှ မခင်သက်မှူးကိုမှ အာဇာ နည်နေ့ဖြစ်ပေါ်လာပုံများကိုလည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ “မျိုးမာန်ဝင့်ချီ အာဇာနည်” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်မှ ကျောင်းသား၊ ကျောင်းသူ(၇)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အလားတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင် (၁၅) ရက်နေ့တွင်လည်း အာဇာနည်နေ့အကြို ကျပန်းစကားပြောပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost







No comments:
Post a Comment