တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတက်ရောက်






MNP ၊ ဇူလိုင် ၁၄ 

တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်မာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။ 

ဟောပြောပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး က တက်ရောက်၍ ကျောင်းသူ၊ ကျောင်းသား အနေဖြင့် ဉာဏ် ၊ပညာ၊ သတိနှင့်ယှဉ်၍ ပြုမူနေထိုင်ရန်၊ မိဘ၊ ဆရာသမား၏ဂုဏ်ကျေးဇူးကို အထူးသိတတ်ရန်နှင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ် ရန်လိုအပ်ကြောင်း၊ ကွမ်း၊ ဆေးလိပ်၊ မူးယစ်ဆေးများအထူးရှောင်ရှားရန်လိုအပ် ကြောင်း ပြောကြား သည်။ 

ထို့နောက် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှူး ဦးတင်အောင်ကျော်က စားသုံးသူများလုံခြုံစိတ်ချမှုရရှိစေရေး၊ စားသုံးသူအခွင့်အရေး(၈)ချက်အား လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါ်မေသန်းနိုင် က  အစား အသောက်နှင့်ဘေးကင်းစေရေး၊ ဆေးဝါး၊ ဆေးပစ္စည်း၊လူသုံးကုန်နှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်း စေရေး အကြောင်းအရာများအားလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင် က လူငယ်နှင့်အားကစားအကြောင်းအရာများအားလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဥက္ကာ က ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအားလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး က ကျောင်းပညာရေးပဒေသာပင်အတွက် အလှူငွေ တစ်သိန်းကျပ်အား ပေးအပ်လှူဒါန်းရာကျောင်းအုပ်ကြီး ဦးမြင့်လွင်က လက်ခံရယူပြီးကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ 

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့်တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအား ကြည့်ရှုစစ်ဆေးပြီး ပီဇာ၊ မက်မန်းယို၊ သကြားလုံးအစရှိသော အသင့်စား မုန့်မျိုးစုံ နမူနာများ အားဝယ်ယူ၍ တိုင်းဒေကြီးကြီး(FDA) ဓာတ်ခွဲခန်းတွင် ခွင့်မပြု ဓာတုဆေးများပါဝင်ခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်း - ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)