နမ္မတူမြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်



MNP - ဇူလိုင်  ၂၅


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၌ ဇူလိုင်လ (၁၃)ရက်နေ့နှင့် (၁၄)ရက် နေ့တို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန် ပျက်စီးခဲ့သော လူနေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်တို့က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှု၊ သစ်ပင်များကျိုးကျမှုကြောင့် အမိုးလန်ပျက်စီး ခဲ့သည့် မိုင်းတက်ကျေးရွာ အုပ်စု၊ မိုင်းဆင်ကျေးရွာရှိ လူနေအိမ် (၄)လုံး၊ ဟင်ဘုတ်ကျေးရွာအုပ်စု ကုန်းကယားကျေးရွာနှင့် ဆင်လီကျေးရွာရှိ လူနေအိမ် (၄)လုံး၊    လူနေအိမ် (၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း လူနေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၄၀၀၀၀၀)ကျပ်နှင့် လူဦးရေ (၄၉)ဦးတို့အတွက် တစ်ပတ်စာ ဆန်ဖိုးရိက္ခာငွေ (၁၀၂၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၀၂၉၀၀)ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရေး မိုင်းတက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကောလိယနှင့် ဟင်ဘုတ်ကျေးရွာအုပ်စုစာရေး လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။


သတင်း - လူမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)