MNP - ဇူလိုင် ၂၅
မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါး ၂၅၉ ဧကစိုက်ပျိုးခဲ့ပြီး၊ နွေစပါး စံပြကွက်ရိတ်သိမ်းခြင်းအား ယမန်နေ့နံနက် ၇ နာရီခွဲအချိန်တွင် အထက်ညဉ့်အုပ်စု၊ ကွင်းအမှတ် (၁၃၄၄) တောင်သူ ဦးလှဌေး၏ လယ်မြေ (၅.၀၀) ဧကတွင်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ နွေစပါး စံပြကွက်ရိတ်သိမ်းခြင်းတွင် ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီမှ မျိုးကောင်းမျိုးသန့်များသုံးစွဲခြင်းသည် အထွက်နှုန်းတိုးတက်စေကြောင်း၊ သက်တမ်းတိုးအထွက်နှုန်းကောင်းမျိုးစိုက်ပျိုးခြင်းဖြင့် သဘာဝဘေးမြစ်ရေ တက်မှုကြောင့် အထွက်ကောင်းစားသုံးမှုအရည်အသွေးကောင်းမျိုးစိုက်ပျိုးခြင်းဖြင့် အချိန်မီရိတ်သိမ်း ဆောင်ရွက်နိုင်ခြင်း၊ သီးစားသီးနှံပုံစံစိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်စေနိုင်ပြီး သီးနှံအလှည့်ကျစိုက်ပျိုးခြင်း၊ စံကွက်ရိတ်သိမ်းခြင်းဖြင့် တစ်ဧကအထွက်နှုန်းခန့်မှန်းနိုင်ခြင်း၊ အလေအလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် ရိတ်သိမ်း ချိန်လွန်နည်းပညာများကို လိုက်နာစေလိုကြောင်း၊ ရေမြေဒေသနှင့်ကိုက်ညီသောမျိုးများကိုစိုက်ပျိုးကြရန်၊ သွင်းအားစုမြေဩဇာများကို စနစ်တကျနှင့်အချိုးကျထည့်သွင်းရန်၊ အနည်းလိုအာဟာရဓာတ်များကိုလည်း ဖြည့်စွက်ထည့် သွင်းရန်လိုအပ်ကြောင်း၊ စိုက်ချိန်နှင့်အထွက်နှုန်းများကိုမှတ်တမ်းထားပြီး စနစ်တကျလုပ်ကိုင် စေလိုကြောင်း၊ ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော တောင်သူများမှသိရှိလိုသည်များကိုပြန်လည်ဆွေး နွေးမေးမြန်းကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီက ပြန်လည်ရှင်း ပြဆွေးနွေးသည်။
ညောင်ဦးမြို့နယ် နွေစပါးစံပြကွက် ရိတ်သိမ်းပွဲတွင် ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲမှုစီမံဦးစီးဌာနမှ မြစ်ရေတင်တာဝန်ခံနှင့်ဝန်ထမ်းများ၊ အကျိုးဆောင်တောင်သူများနှင့်အတူတကွပူးပေါင်း၍ ဆင်းသုခစပါးမျိုး (၆.၆)ဧက စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း ပျှမ်းမျှ(၁၁၈.၂၆)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment