MNP - ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့မအခြေခံပညာအထက်ကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား၊ ကျောင်းသူ (၅၆၁)ဦးကို ဇွန်လ(၆)ရက်က ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်၊ အကြိမ်ပြည့် ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၂၃၅)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ၊ အကြိမ်ပြည့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - ဇော်ဝင်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment