မြန်မာအမျိုးသမီးများနေ့အကြို လှုပ်ရှားမှုအခမ်းအနား ပုသိမ်မြို့တွင်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာအမျိုးသမီးများနေ့အကြို လှုပ်ရှားမှုအခမ်းအနား ပုသိမ်မြို့တွင်ကျင်းပ


MNP ၊ ဇူလိုင် ၃

၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားကို ပုသိမ်မြို့ဧရာရွှေဝါခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံအမျိုးသမီးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တိုင်းအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရးအဖွဲ့ဝင်များ၊ NGO အဖွဲ့ များတက်ရောက်ကြသည်။

 အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက   မြန်မာအမျိုးသမီးများနေ့ စတင်ပေါ်ပေါက်လာပုံနှင့် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် အမျိုးသမီးအသင်းအဖွဲ့များ၏ ဆောင်ရွက် နေမှုများ၊ နိုင်ငံတော်တည်ဆောက်ရေးအပိုင်းမှာ အမျိုးသားများသည် အုတ်တစ်ချပ်ဖြစ်ခဲ့လျှင် အမျိုးသမီး များသည်သဲတစ်ပွင့်ပမာ ဆောင်ရွက်လျက်ရှိနေကြတာဖြစ်လို့ အမျိုးသမီးများရဲ့ဘဝ မြှင့်တင်ရေးလုပ်ငန်း များသည်လည်းအရေးကြီးလျက်ရှိကြောင်း အမှာစကားပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြို အထိမ်းအမှတ်လှုပ်ရှားမှုတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အိမ်တွင်းမှုကျောင်းများမှဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည့် ရိုးရာပွဲတက်ဝတ်စုံချုပ် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုများကို ပုသိမ်အိမ်တွင်းမှုကျောင်းမှ ဝန်ထမ်းများက ရရှိခဲ့၍ နေပြည်တော်တွင်ကျင်းပမည့် အမျိုးသမီးများနေ့အခမ်းအနားကို တက်ရောက်ခွင့် ရမှာဖြစ်ပြီး နှစ်သိမ့်ဆုရရှိခဲ့သည့်ဝန်ထမ်းနှစ်ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဂုဏ်ပြု ဆုများ ချီးမြှင့်ခဲ့သည်။

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီအဖွဲ့နှင့် တိုင်း/ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းများက အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများရိုက်ခဲ့ကြပြီး၊ အထိမ်းအမှတ်ပြခန်း ဖွင့်လှစ်ပြသထားမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြကာ အသေးစားစက်မှုလက်မှုလုပ်ငန်းမှ ငှက်ပျောလျှော်နှင့်ပြုလုပ်ထားသည့် လူသုံးကုန်များ၊ အိမ်တွင်းမှုကျောင်းများနှင့် ဒေသထွက်ပုသိမ်ထီး လုပ်ငန်းတို့မှ ဖွင့်လှစ်ရောင်းချလျက်ရှိသော လူသုံးကုန်ပစ္စည်းများကို အခမ်းအနား တက်ရောက်လာသူ များက ဝယ်ယူအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)