သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင် ပြုလုပ်

 



MNP - ဇူလိုင်  ၁၆


မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို  ယမန်နေ့  နံနက် ၈ နာရီခွဲက   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန၌   ပြုလုပ်ကြောင်း သိရသည်။     


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ပြိုင်ပွဲကိုပြုလုပ်ရာ အခြေခံပညာအထက်တန်း အဆင့်တွင် “၁၉ ဇူလိုင် မမေ့နိုင်” ခေါင်းစဉ်ဖြင့် အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/သူ ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အခြေခံပညာ အလယ်တန်းအဆင့်တွင် “အာဇာနည်နေ့” ခေါင်းစဉ်ဖြင့် အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများနှင့်သာစည်မြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မီးရထားမှ ကျောင်းသား/သူများ စုစုပေါင်း ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။  အဆိုပါပြိုင်ပွဲသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးပြီး ပြိုင်ပွဲမှ ပထမ၊ဒုတိယနှင့် တတိယရရှိသော ကျောင်းသား/သူများကို ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။ 


အဆိုပါပြိုင်ပွဲသို့   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဦးစီးအရာရှိနှင့်  ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ/မများ တက်ရောက်ခဲ့ကြောင်း သိရသည်။  


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)