မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် Cash For Work စီမံကိန်းလွှဲပြောင်းပေးအပ်ပွဲသို့ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် Cash For Work စီမံကိန်းလွှဲပြောင်းပေးအပ်ပွဲသို့ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်တက်ရောက်




MNP - ဇူလိုင်   ၁၅


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)နှင့် Cash For Work စီမံကိန်းကျေးရွာများသို့ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂  နာရီအချိန်ခန့်က ကျင်းပရာ ဧရာဝတီတိုင်းဒေကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတက်ရောက်၍ အမှာစကားပြောကြားရာ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေတဲ့နေရာမှာ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအကျ‌ဆုံး အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ကံကုန်း-ကြူကွင်း ကျေးရွာသို့ မြစိမ်းရောင်စီမံကိန်းရန် ပုံငွေကိုလည်းကောင်း၊ ပေါက်ငူကျေးရွာသို့ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းရန်ပုံငွေကို လည်းကောင်း၊ ဗြိုက်ကြီးကုန်းစု ကျေးရွာသို့ Cash For Work စီမံကိန်း ရန်ပုံငွေကိုလည်းကောင်း အသီးသီး လွှဲပြောင်းပေးအပ်ရာ စီမံကိန်းရန်ပုံငွေ ရရှိကြသူများက လက်ခံရယူခဲ့ကြပြီး၊ ကျေးရွာသူ ကျေးရွာသားများကိုယ်စား ကျေးရွာကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။


အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)