ပင်လုံမြို့ (Community centre)ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လုံမြို့ (Community centre)ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ဆောင်ရွက်

 




MNP - ဇူလိုင်   ၁၆


ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမတွင် ယမန်နေ့  နေ့လည်(၂:၀၀)အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းများ၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် အာဇာနည်စိတ်ဓာတ်အကြောင်း၊ လူငယ်လေးများ အတွက် စာပေဖတ်ရှုလေ့လာပြီး အသိပညာများ တိုးပွားလာအောင် ဆောင်ရွက်သင့်ကြောင်း စသည့် အကြောင်းအရာများ ဟောပြောခဲ့ပါသည်။


ယင်းနောက် ကျောင်းသား/ကျောင်းသူများအား  အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ အကြောင်းအရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ နံရံကပ်စာစောင်များနှင့် သုတ/ရတစာအုပ်စာစောင်များ ပြသပေးခဲ့ပြီး စာဖတ်ပရိတ်သတ်များ ကြိုက်နှစ် သက်သည့် သုတ/ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)