MNP - ဇူလိုင် ၃
မိုးကုတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ မုတ်သုံဖလားဂေါက်သီးရိုက်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မိုးကုတ်မြို့ ပတ္တမြားမြေ ဂေါက်ကလပ် ဂေါက်သီးရိုက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲအား အမှတ်(၁)လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင့်ဇော်ခိုင်မှ ပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး နံနက်(၉)နာရီမှ(၁၀)နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက်ပြိုင်ပွဲဝင် အားကစားသမားများမှ သတ်မှတ်နေရာ အသီးသီးတွင် (၁၈)ကျင်း ာပြိုင်ပွဲအမျိုးအစားဖြင့် ပါဝင်ယှဉ်ပြိုင်ကစားကြသည်။ ၂၀၂၂ ခုနှစ် မိုးရာသီ မုတ်သုံဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဂေါက်သီးရိုက်ဝါဿနာရှင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားအား ညနေ(၅:၃၀)နာရီတွင် မိုးကုတ်မြို့ ပတ္တမြားမြေဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း - နန်းခွာညိုနှင်း
မြန်မာနေရှှုင်နယ်ပို့စ်
No comments:
Post a Comment