ကွမ်းလုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းလုံမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်



MNP - ဇူလိုင်   ၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် ကွမ်းလုံမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အားကစားပစ္စည်းထောက်ပံ့ပေးအပ်ပွဲနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က နယ်စပ် ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ အဆိုပါသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်နှင့်ဝန်ထမ်းများ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


အဆိုပါ အားကစားပစ္စည်းထောက်ပံ့ပေးအပ်ပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လူငယ်နဲ့ရည်မှန်းချက်၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာသန်းဝင်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းနွယ်(ဦးစီးအရာရှိ)နှင့် ဒုတိယဦးစီးမှူးတို့က အမျိုးသား၊အမျိုးသမီးများ အကြမ်းဖတ်ခံရမှုမရှိစေရေး၊ လူငယ်များရည်မှန်းချက်အောင်မြင်ရန် ဆောင်ရွက်ရမည့်အချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။


ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရာဇာသန်းဝင်းက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအတွက် အားကစားဝတ်စုံနှင့်အားကစားပစ္စည်းများကိုပေးအပ်ရာ ကျောင်းအုပ်ကြီးကိုယ်စား ကျောင်းသားကျောင်းသူများမှ လက်ခံရယူခဲ့ကြသည်။ ထို့နောက် ကျောင်းသားကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေးဆိုင် ရာကိစ္စရပ်များဆောင်ရွက်နေမှု နံရံကပ်ဓာတ်ပုံများကို ကြည့်ရှုခဲ့ကြကာနယ်လှည့်စာကြည့်တိုက်တွင် စာအုပ်များအား အခမဲ့ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)