ကြံခင်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးကိုင်ဆောင်သည့် လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့်မြေပြင်ရှိ အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်စွာရရှိရေး ကွင်းဆင်းစစ်ဆေးကောက်ယူခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးကိုင်ဆောင်သည့် လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့်မြေပြင်ရှိ အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်စွာရရှိရေး ကွင်းဆင်းစစ်ဆေးကောက်ယူခြင်းဆောင်ရွက်

 


MNP - ဇူလိုင်   ၃


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ ပူးပေါင်းပြီး  ယမန်နေ့နံနက်ပိုင်းက ကိုင်ဆောင်သည့် လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် မြေပြင်ရှိ အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်စွာရရှိစေရေးအတွက် မြို့မရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေး ကောက်ယူခြင်းကို ဆောင်ရွက်ကြသည်။


အဆိုပါစစ်ဆေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးဝင်းထူးနှင့်ဝန်ထမ်းများ၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒေါ်ဝင်းဝင်းမြင့်နှင့်ဝန်ထမ်းများက ကိုင်ဆောင်သည့် လက်မှတ်ရှိ/မရှိစစ်ဆေးခြင်း၊ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလတွင် မွေးဖွားပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင်အသက်(၁၈)နှစ် ပြည့်မည့်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးနိုင်ရန်နှင့် အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးခြင်းနှင့်  မြေပြင်ရှိ အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်စွာရရှိစေရန်  ပူးပေါင်းကွင်းဆင်းကောက်ယူကြကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းကောက်ယူရာတွင် ကြံခင်းမြို့နယ် မြို့မရပ်ကွက်ရှိ အိမ်ထောင်စု(၄၅၀)စုကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျန်ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ၂၀၂၂ ခုနှစ်၊  ဒီဇင်ဘာလ(၃၁)ရက်နေ့ထိ အဖွဲ့များခွဲပြီး စစ်ဆေးကောက်ယူသွားမည်ဖြစ်ကြောင်း မြိုနယ်(လဝက) ရုံးမှ တာဝန်ရှိသူထံက သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)