သာယာဝတီမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာယာဝတီမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်





MNP - ဇူလိုင်   ၂၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရေဝေရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်လူမှုရေးအသင်းဝင်များက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်၊


အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦးအတွက် (၃၀၀၀၀)နှုန်းဖြင့် အဘိုးအဘွား(၄၉)အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သန့်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)