နမ္မတူတွင် ရှေ့ဆောင်ကြယ် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ခု၊နှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူတွင် ရှေ့ဆောင်ကြယ် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ခု၊နှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပပြုလုပ်



MNP - ဇူလိုင်  ၂၅


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “ရှေ့ဆောင်ကြယ်” ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ခု၊နှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အဆိုပါအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ရှေ့ဦးစွာ မြို့နယ်သမဝါယမဦးစီးဋ္ဌာနမှ ဦးစီးအရာရှိ ဦးဆမ်မန်းက အမှာစကားပြောကြားခဲ့ပြီး “ရှေ့ဆောင်ကြယ်” ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ခုနှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များကို အမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးမှ လည်းကောင်း၊ ၂၀၂၀-၂၀၂၁ခု၊ နှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အသင်းစာရင်းစစ်အဖွဲ့ အစီရင်ခံစာကို အသင်းစာရင်းစစ် အဖွဲ့ဝင်တစ်ဦးမှလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ရာ သဘာပတိကြီးမှ အတည်ပြုလက်ခံခဲ့ကြောင်း သိရသည်။


ဆက်လက်၍ မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးဆမ်မန်းက အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ကော်မတီ၏ ကြိုတင်ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အမည်စာရင်းများကို ဖတ်ကြားကာ အတည်ပြုချက်ရယူပေးခဲ့သည်။


ထို့နောက် ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များမှ ကတိသစ္စာခံယူပြီး ရွေးချယ်ထားသော အသင်းဥက္ကဋ္ဌအသစ်မှ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - လူမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)