၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပ



MNP - ဇူလိုင်  ၁၅


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၁၅ ရက်နေ့  နံနက် ၈ နာရီခွဲက ကျင်းပခဲ့သည်။


ရှေးဦးစွာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ပြိုင်ပွဲအဖွင့်အမှာ စကားပြောကြားရာတွင် လူငယ်မောင်မယ်များအနေဖြင့် ကျောင်းပညာဘာသာရပ်များအပြင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်၍ အောင်မြင်မှုရရှိနိုင်သည့် အားကစားကဏ္ဍတွင်လည်း ထူးချွန်ထက်မြတ်စေရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်အားကစား သမားများအနေဖြင့် အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တစ်ဦးချင်းပွဲစဉ်နှင့် နှစ်ယောက်တွဲ ပွဲစဉ်များအား ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အလိုက်ပါမောက္ခ ဌာနမှူးများ၊ ဆရာ/မများနှင့် တက္ကသိုလ် ကျောင်းသား/သူများက ပြိုင်ပွဲယှဉ်ပြိုင်နေမှုအား အားပေးကြည့်ရှုကြပြီး အဆိုပါ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/သူ (၁၀၀) ကျော်က အမျိုးသား အသင်း (၈)သင်းနှင့် အမျိုးသမီးအသင်း (၁၃) သင်းတို့က ဇူလိုင်လ ၁၇ ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပ သွားမည်ဖြစ်ကြောင်း ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း ထံမှ သိရသည်။


သတင်း - ယော်ဆောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)