ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဒေသတွင်းစိမ်းလန်းစိုပြည်ရေး အတွက် ပျိုးပင်ပေါင်း(၈၇၅၉၃)ပင် ပျိုးထောင်ထားရှိပြီး အခမဲ့စိုက်ပျိုးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဒေသတွင်းစိမ်းလန်းစိုပြည်ရေး အတွက် ပျိုးပင်ပေါင်း(၈၇၅၉၃)ပင် ပျိုးထောင်ထားရှိပြီး အခမဲ့စိုက်ပျိုးပေး



MNP - ဇူလိုင်  ၁၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အထူးစိမ်းလန်းစိုပြည်ရေး၊ ဒေသစိမ်းလန်းစိုပြည်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ပြည်သူဗဟိုပြု စိုက်ခင်းများတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်(၁၁)မျိုး၊ ပျိုးပင်ပေါင်း(၈၇၅၉၃)ပင် ပျိုးထောင်ထားရှိပြီး အခမဲ့စိုက်ပျိုးပေးလျက်ရှိကြောင်း သိရှိရသည်။


ထိုသို့ပျိုးထောင်စိုက်ပျိုးရာတွင် သံတော်မြတ်တောင် ကြိုးပြင်ကာကွယ်တော ကျေးရွာသုံးထင်းစိုက်ခင်း (၂၀)ဧကအတွက် ယူကလစ်(၃၃၇၅)ပင်၊ ရှား(၃၃၇၅)ပင်၊ မြန်မာကုက္ကို(၃၃၇၅)ပင်၊ မဲဇလီ(၃၃၇၅)ပင်၊ ရဒါန်းချောင်းဆုံ(မြောက်) ကြိုးဝိုင်းအကွက်အမှတ်(၁၆)ရှိ တောင်တန်းစိုက်ခင်း(၄၀)ဧက စိုက်ပျိုးရန် အတွက် ယူကလစ်(၅၀၃၈)ပင်၊ ရှား(၂၅၁၈)ပင်၊ မြန်မာကုက္ကို(၅၀၃၇)ပင်၊ မဲဇလီ(၅၀၃၈)ပင်၊ ရဒါန်းချောင်းဆုံ(မြောက်) ကြိုးဝိုင်းအကွက်အမှတ်(၁၆)ရှိ အခြားစိုက်ခင်း(၂၅)ဧကအတွက် ယူကလစ်(၇၅၆၃)ပင်၊ ရှား(၇၅၆၂)ပင်၊ မြန်မာကုက္ကို(၇၅၆၂)ပင်၊ မဲဇလီ(၇၅၆၃)ပင်၊ အထူးစိမ်းတစ်အုပ်တစ်မစိုက်ခင်းအတွက် တမာ(၁၅၀၀)ပင်၊ မြန်မာကုက္ကို(၁၅၀၀)ပင်၊ ဒဟတ်(၄၀၀၀)ပင်၊ ဖျောက်ဆိပ်(၁၀၀၀)ပင်၊ ယင်းမာ(၁၀၀၀)ပင်၊ မာလကွတ် (၂၀၀၀)ပင်၊ မုန့်ပေါင်း(မြောက်)ကျေးရွာတွင် တစ်ရွာတစ်ဧက စိုက်ခင်းစိုက်ပျိုးရန်အတွက် ယူကလစ်(၂၀၀)ပင်၊ မယ်ဇလီ(၁၈၀)ပင်၊ မြန်မာကုက္ကို(၃၀၀)ပင်၊ မုန့်ပေါင်း(တောင်)ကျေးရွာတွင် ပြည်သူဗဟိုပြု စိုက်ခင်း စိုက်ပျိုးရန်အတွက် ယူကလစ်(၅၀၀)ပင်၊ မဲဇလီ(၃၀၀)ပင်၊ လျှော်ဖြူ(၂၀၀)ပင်၊ ထင်းအစား အခြားလောင်စာသုံး စံပြကျေးရွာဖြစ်သည့် အနောက်ရေပြားတောကျေးရွာတွင် တစ်အိမ်ထောင်ကျွန်း (၃)ပင်၊ သစ်မာ(၂)ပင် စိုက်ပျိုးရန်အတွက် ကျွန်း(၄၅၀)ပင်၊ ယူကလစ်(၃၀၀၀)ပင်  စုစုပေါင်း ပျိုးပင်(၈၇၅၉၃)ပင် ပျိုးထောင်စိုက်ပျိုးပေးလျက်ရှိကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် သစ်ပင်သစ်တောများ ထိန်းသိမ်းခြင်းဖြင့် ပတ်ဝန်းကျင်ရာသီဥတုအခြေအနေများ တိုးတက်ကောင်းမွန်စေရန်အတွက် သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းများ၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများ၊ ထင်းအစားအခြားလောင်စာ အသုံးချရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ရေရရှိရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)