သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့




MNP - ဇူလိုင်   ၁၀


သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းသားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ် ချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ပညာသင်စရိတ် ချီးမြှင့်ပေးအပ်ပွဲတွင် ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ဝန်ထမ်း မိသားစုများအား နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိသားစုထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်လှလှရွှေတို့မှ တက္ကသိုလ်အဆင့်နှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ချီမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။


သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းသားသမီးများဖြစ်သည့် တက္ကသိုလ်အဆင့်နှင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တို့တွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၇)ဦးအတွက် ငွေကျပ်(၁၅၄၀၀၀)အား  ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)