တိုက်ကြီးမြို့နယ်အတွင်းရှိ စက်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်အတွင်းရှိ စက်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

         


MNP - ဇူလိုင်  ၁၀


ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ စက်ရုံများတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ရေးနှင့် အိုမီခရွန်ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။


ထိုသို့ထိုးနှံပေးလျက်ရှိရာတွင် ယမန်နေ့နံနက် ၉ နာရီက တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက်ရှိ ဒဂုံဆိပ်ကမ်း အထည်ချုပ်စက်ရုံ-၂ ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ စက်ရုံလုပ်သားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်သည်။ ဆောင်ရွက်နေမှုအခြေအနေများကို တိုက်ကြီးခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်တို့က လာရောက်ကြည့်ရှုပြီး ကာကွယ်ဆေးထိုးနှံသူ စက်ရုံလုပ်သားများကို အားပေးစကားများပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးကို ဒဂုံဆိပ်ကမ်း အထည်ချုပ်စက်ရုံ-၂ မှ စက်ရုံလုပ်သား ၆၂၇ ဦး အား ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - စန်းကလျာခိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)