MNP - ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးမောင်မောင်ကြီးက သင်တန်းဆင်းဩဝါဒစကားပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံရှေးဦးသူနာပြုသင်တန်းပြီးမြောက်ကြောင်း သင်တန်းဆင်လက်မှတ်များကို ပေးအပ်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား ကြက်ခြေနီတပ်ဖွဲ့ဝင် ဦးနိုင်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment