ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြော

 







MNP - ဇွန်  ၁၆


ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို မီးသတ်ဦးစီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီ အချိန် အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာမြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်က သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်နေမှု အခြေအနေများ ၊  မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ချက်များ၊ ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန် ရှောင်ရန် များအား ပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက  လေဘေး၊ မုန်တိုင်းဘေး ၊ ရေကြီးမှု၊ မိုးကြိုးအန္တရာယ်များစသည့်တို့ကို အသိပညာပေး Video ဖိုင်များအားပြသခြင်း ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများအား ဟောပြောခြင်းများကို ဆောင်ရွက်ပေးကာ  အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင် မည့် မိုးလေဝသအခြေအနေအား ပြည်သူ့များထံသို့ အချိန်မီ အသိပေးပြန်ကြားခြင်းများ ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦး သူနာပြုစုနည်းများ ၊ ကြိုးချည်နည်းစနစ်များ ၊ လူနာသယ်နည်းစနစ်များ ၊ အသက်ကယ်ဝတ်စုံ ဝတ်ဆင်နည်းများစသည့်တို့ကို ကျောင်းသား/သူများအား သရုပ်ပြသကာ လက်တွေ့လုပ်ဆောင်စေခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။   အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ၊ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - သက်လွင်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)