ကြံခင်းမြို့တွင် အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၂) ဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့တွင် အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၂) ဆင်းပွဲ အခမ်းအနားကျင်းပ



MNP - ဇူလိုင်   ၃၁


သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး  အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၂) ဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားရာတွင် “ယခုလို အခြေခံစက်ချုပ်သင်တန်း(တစ်လ) ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့်  သင်တန်းသူအမျိုးသမီးများ အိမ်တွင်းလက်မှုစီးပွားရေး အလုပ်အကိုင်တခုရရှိပြီး  မိမိ မိသားစုဘဝမြင့်မားရေး ဆောင်ရွက်နိုင်ပြီး တီထွင်ဉာဏ်ဖြင့် တိုးတက်အောင်ကြိုးစားကြရန်” ပြောကြားသည်။


ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက “ယနေ့အခြေခံစက်ချုပ်သင်တန်းဆင်းပွဲတွင် သင်တန်းတက်ရောက် အောင်မြင်သူအမျိုးသမီး (၁၇)ဦးရှိကြောင်းနှင့် ထူးချွန်စွာတတ်မြောက်သော အမျိုးသမီး(၅)ဦးအား ဆုချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုရရှိပြီး တစ်နိုင်တစ်ပိုင် စီးပွားရှာဖွေနိုင်တော့မှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းတွင်  ထူးချွန်သော သင်တန်းသူများအား ဆုများချီးမြှင့်ပေးအပ်ခြင်းနှင့် သင်တန်းဆင်း လက်မှတ်များကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ပြီးနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်၊ မြိုနယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်  မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးဒေါ်မျိုးသီတာမြင့်နှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသူများတက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)