ဗဟန်းမြို့နယ်၌ စာရေးဆရာအသင်းကကြီးမှူးကျင်းပသော မြန်မာစာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများနှင့် မြန်မာစာဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗဟန်းမြို့နယ်၌ စာရေးဆရာအသင်းကကြီးမှူးကျင်းပသော မြန်မာစာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများနှင့် မြန်မာစာဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲကျင်းပ

 


MNP - ဇူလိုင်   ၃၁


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၊ စာရေးဆရာအသင်းက ကြီးမှူးကျင်းပသော ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် မြန်မာစာဂုဏ်ထူးရကျောင်းသား/ကျောင်းသူများနှင့် မြန်မာစာဂုဏ်ထူးရအောင် သင်ကြားပေးသောဆရာ/ဆရာမများ ဂုဏ်ပြုပွဲအခမ်းအနားကို ယ‌နေ့နံနက် ၉ နာရီက အမှတ်(၁) အ‌ခြေခံပညာအထက်တန်းကျောင်း (ဗဟန်း) မိုးဦးပန်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့မြန်မာနိုင်ငံစာရေးဆရာအသင်းမှတာဝန်ရှိသူများ၊မြို့နယ်စာရေးဆရာအသင်းမှတာဝန်ရှိသူများ၊ အလှူရှင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ဆုရဆရာများနှင့်ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။


ဦးစွာမြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ(၃)ဦးမြတ်စိုး၊ စာရေးဆရာမြတ်စိုး(လှိုင်)က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့လူငယ်မောင်မယ်များ အနေဖြင့်မြန်မာစာပေကိုလေးစားတန်ဖိုးထား၍ ချစ်ခင်မြတ်နိုးထားစေချင်ပါကြောင်း၊ မြန်မာစာပေကိုလေ့လာသင်ယူမှုများ ပိုမိုများပြားဖွံ့ဖြိုးတိုးတက်စေချင်ပါကြောင်း၊ မြန်မာစာပေကို လေ့လာဆည်းပူးပြီး အနာဂတ်တွင်တိုင်းပြည်နှင့် လူမျိုးအတွက် အားထားရသော လူရည်ချွန်၊ လူရည်မွန်၊ လူငယ်မောင်မယ်များ ဖြစ်ပေါ်လာစေချင်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်စားမြို့နယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင် ဦးစိန်မြင့်က အခမ်းအနား ကျင်းပရခြင်းနှင့် ပါတ်သတ်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်ဝေ က မုဒိတာစကားပြောကြားသည်။


ထို့နောက်ဗဟန်းမြို့နယ် စာရေးဆရာအသင်းသို့  အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ဗဟန်းမြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ၊ မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးကိုကိုလေး(ရန်ကင်းကိုကိုလေး)က ကျေးဇူးတင်စကားပြောကြားသည်။


ဆက်လက်၍ ၂ဝ၂ဝ ပြည့်နှစ်နှင့်၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် မြန်မာစာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ၊ မြန်မာစာဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမများကို ဂုဏ်ပြုအမှတ်တရဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ တာဝန်ရှိသူများ၊ မြိုနယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကဂုဏ်ပြုအမှတ်တရဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက်မြန်မာစာဂုဏ်ထူးရကျောင်းသား/ကျောင်းသူများကိုယ်စားကျောင်သူတစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ ဗဟန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင် မြန်မာစာဂုဏ်းထူးရ ကျောင်းသား၊ကျောင်းသူ(၁၄၇)ဦး ရရှိခဲ့ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)