MNP ၊ ဇူလိုင် ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ယနေ့ ညနေ(၃)နာရီအချိန်ကအမှတ်( ၁) အခြေခံပညာအထက်တန်းကျောင်းခန်း မ၊ ဂွမြို့ ပညာရတနာခန်းမ၌ လူငယ်ရေးရာနှင့် အားကစားအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်း၊ ဂွမြို့မှ ကျောင်းအုပ်ဆရာကြီးကိုယ်စား ဆရာဦးစိုးစိုးက အဖွင့်အမှာစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်ရေးရာ အသိပညာပေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားက စားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်မင်းလွင်က လူငယ်ရေးရာခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထိုနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်မင်းလွင်က အားကစားပစ္စည်းများထောက်ပံ့ပေး အပ်ရာအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးကိုယ်စား ဦးစိုးစိုးက လက်ခံရယူခဲ့ကြောင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား / ကျောင်းသူများအား physical fitness danceဖြင့် လက်တွေ့သရုပ်ပြပြီး တိုက်ကွမ်ဒိုသင်တန်းအားဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲသို့ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား /ကျောင်းသူ (၃၀၀ )ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် (၁၀)ရက်ကြာသင်ကြားမည့် တိုက်ကွမ်ဒိုသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment