မာန်အောင်မြို့နယ်၌ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မာန်အောင်မြို့နယ်၌ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများဆောင်ရွက်






MNP ၊ ဇူလိုင်၂၃

ရခိုင်ပြည်နယ် မာန်အောင်မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီကဓာတ်တော်စေတီတော်ဝင်းအတွင်း၊ အပြင်ရှိချုံနွယ်ပိတ်ပေါင်းများအားရှင်းလင်းခြင်း၊ အမှိုက်များကောက်ခြင်းစသည့်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်သန့်‌ရှင်းရေးများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)