ကျောက်ဖြူမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)၊ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)၊ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်ကျင်းပ











ကျောက်ဖြူ ဇူလိုင်  ၂၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကျောင်း၏ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မ အားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်သည်။ 


ဗိုလ်လုပွဲတွင် EP(A) အသင်းနှင့် Civil(A) အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဒုတိယပိုင်း မိနစ်(၉၀) ပွဲပြီးဆုံးချိန်အထိ တစ်ဘက်တစ်ဂိုးစီဖြင့် သရေရလဒ်သာ ရရှိခဲ့သဖြင့် ပင်နယ်တီအဆုံးအဖြတ်အဖြစ် ဆက်လက် ကစားခဲ့ရာ EP(A) အသင်းမှ Civil(A) အသင်းကို လေးဂိုး သုံးဂိုးဖြင့်အနိုင်ရဗိုလ်စွဲခဲ့သည်။ 


ထို့နောက် ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ဂိုးသွင်းအများဆုံးဆု၊ ဂိုးအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆု၊များကို  ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တတိယဆုရရှိသည့် IT(A)အသင်းကို လည်ဆွဲနှင့် ငွေသားဆု၊ ဒုတိယဆုရရှိသည့် Civil(A) အသင်းကို  လည်ဆွဲနှင့် ငွေသားဆု၊ ပထမဆုရရှိသည့် EP(A) အသင်းကို လည်ဆွဲ၊ ငွေသားဆုနှင့် ပထမဒိုင်းဆုအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ 


 အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ) မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ကွင်းလုံးပြည့်လာရောက်အားပေးခဲ့ကြောင်းသိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)