MNP - ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း( ၂၆၉)ဦးကို မြန်မာတာဝန်ရှိသူများက ယမန်နေ့ကလက်ခံခဲ့ကြသည်။
အဆိုပါနေရပ်ပြန်များကို လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးကြောင်း အထောက်အထားကဒ် တင်ပြနိုင်သူများကို ကျန်းမာရေးစစ်ဆေး၍ ၎င်းတို့၏နေရပ်သို့ နေ့ချင်းပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသော်လည်း အထောက်အထားကဒ် မပြနိုင်ခဲ့သူများကိုပိုမိုစိတ်ချလုံခြုံစေရန် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ပြီးစံလင်းဖြိုး Quarantine Center တွင်(၃) ရက်ထားရှိကာ ကျန်းမာရေးစစ်ဆေးမှု(၂) ကြိမ်ပြုလုပ်မည် ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုကင်းစင်ကြောင်း အတည်ပြုချက်အဖြေထွက်ရှိမှသာလျှင် နေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက်ရွေ့ပြောင်းမြန်မာအလုပ်သမားများကို မြို့နယ်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ခရိုင်/မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တကိုယ်ရည်သုံး ပစ္စည်းဖြစ်သော ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခွက်၊စပရေးလက်ဆေးရည်၊နှာခေါင်းစည်း( face mask)တို့ကို ထောက်ပံ့ ပေးခဲ့ကြပြီး မော်တော်ယာဉ်များဖြင့် စံလင်းဖြိုး Quarantine Center သို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်း - ယာဆေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment