ကမာရွတ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာရောင်းချပေး




MNP - ဇူလိူင်   ၉


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် ဈေးနှုန်းချိုသာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီစဉ်မှုဖြင့် ယနေ့နံနက်(ရး၀၀)နာရီအချိန်က ကမာရွတ်မြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ မြန်မာအသံဝင်းတွင်  အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။


ထို့သို့ရောင်းချပေးခဲ့ရာတွင် ကြက်တစ်ပိဿာ ၈၀၀၀ကျပ်၊ ဆိတ်သားသား တစ်ပိဿာ  ၂၂၀၀ဝကျပ်၊ အရိုးအသားတစ်ပိဿာ ၁၇၀၀ဝကျပ်၊  ကလီစာတစ်ပိဿာ ၁၇၀၀ဝ ကျပ်၊ အမဲတစ်ပိဿာ ၁၂၀၀ဝကျပ်၊ ဝက်သားအဆီအသားတစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ဝက်သားလှိုင်းသား/အသားရှယ် တစ်ပိဿာ ၁၄၀၀၀ကျပ်၊ နံရိုးတစ်ပိဿာ ၁၀၀၀ဝကျပ် နှုန်းဖြင့် လည်းကောင်း၊ ဆန်ကုန်သည်ကြီးများအသင်းမှ ပေါ်ဆန်းတစ်အိတ် ၈၅၀ဝ ကျပ်၊ ရိုးရိုးဆန်တစ်အိတ် ၅၀၀ဝကျပ်၊  ကြက်ဥတစ်လုံး ၁၇၀ ကျပ်ဖြင့်  ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ဈေးလာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊


သတင်း - စိမ်းလဲ့ 


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)