ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များနှင့် မြန်မာ့ရိုးရာ လက်ဝှေ့သမားများကိုတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များနှင့် မြန်မာ့ရိုးရာ လက်ဝှေ့သမားများကိုတွေ့ဆုံ




MNP ၊ ဇူလိုင် ၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ နံနက် (၈)နာရီက ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးမျိုးမြင့်(ငြိမ်း)က ဇူလိုင် (၃၀)ရက်မှ သြဂုတ် (၆)ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့တွင် ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အားကစားသမားများအတွက် မြန်မာ့လေကြောင်းစင်းလုံးငှား လေယာဉ်ဖြင့် သွားရောက်နိုင်ရန် မြန်မာ့လေကြောင်းလိုင်းဖြင့် ညှိနှိုင်းထားပါကြောင်း၊ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော အားကစားသမားများကို ဂုဏ်ပြုဆုချီးမြှင့်ရန်အတွက် စီစဉ်ထားပါကြောင်း၊ အားကစား အောင်မြင်တိုးတက်ရန်အတွက် အဖွဲ့ချုပ်နှင့် ဝန်ကြီးဌာနတို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် ယူဆောင်သွားမည့် အားကစားအထောက်အကူပြု ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်သို့ ငွေကျပ် (၁၅)သိန်း ထောက်ပံ့ပေးအပ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များကို သွားရောက်တွေ့ဆုံ အမှာစကားပြောကြားပြီး ထိုင်လျက်ဘော်လီဘော အားကစားသမားများ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ ရုံသို့ရောက်ရှိပြီး မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပြ/ဒိုင်လူကြီးများနှင့် အားကစားသမားများကို တွေ့ဆုံအမှာစကား ပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)