မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ



MNP -  ဇူလိုင်   ၉


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။


အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်မှ မြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ရေးအတွက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ဝင်ဗိုလ်မှူးမင်းထက်မှူးမှ မြို့နယ်အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု အခြေအနေများ ရှင်းလင်းဆွေးနွေးကာ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်က မြို့သန့်ရှင်းသာယာရေးအတွက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ အမှိုက်ခွဲခြားစွန်ပစ်မှုစနစ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။


မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နေပြည်သူများ၏ နေ့စဉ်ထွက်ရှိနေသော အမှိုက်အမျိုးအစား (၇) မျိုးအနက်မှ နေ့စဉ်အမှိုက်တန်ချိန် (၈.၅) တန်ကျော်ထွက်ရှိလျက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ် (၂)စီးဖြင့် အမှိုက်သိမ်းစည်းစွန့်ပစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ လမ်းဘေးဝဲ/ယာ ရေမြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ ရေထွက်ပေါက်၊ ဂုံးပေါက်များအား ဆယ်ယူရှင်းလင်းခြင်း၊ Box Culvert များတည်ဆောက်ပေးခြင်း၊ မြို့နယ်အတွင်းရှိ အဓိကရေနှုတ်ဂုံးများဖြစ်သော သံသေတ္တာဂုံး၊ ဗိုလ်ချုပ်လမ်းဂုံး၊ မင်္ဂလာလမ်းဂုံးများအား လူမှုရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများပူးပေါင်း၍ နှစ်စဉ်ဆယ်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)