မအီမြို့တွင် Zee Zan Taung သောက်ရေသန့်လုပ်ငန်းအား အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်များဖြင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် Zee Zan Taung သောက်ရေသန့်လုပ်ငန်းအား အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်များဖြင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 



MNP - ဇူလိုင်  ၉


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ( လုပ်ငန်းသစ်) လျှောက်ထားသည့် မအီမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ Zee Zan Taung (ဇီးဇံတောင်) သောက်ရေသန့်လုပ်ငန်းအား သံတွဲခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး (FDA)မှ တာဝန်ခံဦးစီးအရာရှိ ဒေါက်တာရဲမင်းသိမ်း ဦးဆောင်မှုဖြင့် သံတွဲခရိုင်(FDA)မှ ဝန်ထမ်းများ၊ တောင်ကုတ်မြို့နယ်၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ မအီမြို့၊ ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာမင်းနိုင်ကျော်၊ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ခံရုံးအုပ်ကြီး ဦးအောင်နိုင်ဝင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်တို့လိုက်ပါလျက် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်များဖြင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဖော်ပြပါသောက်ရေသန့်လုပ်ငန်းမှာ Good Manufacturing Practice (GMP) နှင့်အအညီ ထုတ်လုပ်နေမှုများအားတွေ့ရှိရကြောင်း၊ အဆိုပါ သောက်ရေသန့်လုပ်ငန်း၏ ရေနမူနာများအားချိတ်ပိတ်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်) ပေးပို့ထားရှိပါကြောင်း၊ ရေနမူနာများ၏ ဓါတ်ခွဲအဖြေများမှာ ကောင်းမွန်ပြီး စံသတ်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိပါက နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ထုတ်ပေးသွားမည်ဖြစ်ပါကြောင်းတို့ကို သံတွဲခရိုင် (FDA)မှ တာဝန်ခံဦးစီးအရာရှိ ဒေါက်တာရဲမင်းသိမ်းက သိရသည်။


သတင်း - မောင်မောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)