MNP - ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးလက်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။
“၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးလက်ရေပေးရေး လုပ်ငန်းများ ဖြစ်သည့် မြေသားကန်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျေးလက်နေပြည်သူများ သောက်သုံးရေလုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ကျေးရွာများရှိ မြေသားကန်များအား ပြန်လည်ပြုပြင်ခြင်း၊ ရေဝင်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်”ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်နွယ်က ပြောသည်။
အဆိုပါ ကျေးလက်ရေပေးရေးလုပ်ငန်းများမှာ လေးရွာဆုံဆကျေးရွာတွင် အလျား ၁၈၀ ပေ၊ အနံ ၃၀ ပေ၊ အနက် ၅ ပေရှိ မြေသားကန်ပြုပြင်ခြင်းအပြင် အရှည် ၇၀၀ ပေ၊ အကျယ် ၄ ပေ၊ အနက် ၃ ပေရှိ ရေဝင်မြောင်းတူးဖော်ခြင်း၊ ဗလုံကျေးရွာတွင် အလျား ၁၀၀ ပေ၊ အနံ ၁၀၀ ပေ၊ အနက် ၆ ပေရှိ မြေသားကန်ပြုပြင်ခြင်း၊ ဖုံရွာကျေးရွာတွင် အလျား ၁၅၀ ပေ၊ အနံ ၁၅၀ ပေ၊ အနက် ၆ ပေရှိ မြေသားကန်ပြုပြင်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း (၂၁.၈၈၈) ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ကျော်စွာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment