သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် သွားရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် သွားရောက်ပေးအပ်

 



MNP - ဇူလိုင်  ၈


လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊  ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၁၇)တွင် ယနေ့နံနက် ၁၀ နာရီခွဲက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၁)ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် ရပ်ကွက်၊ ကျေးရွာအတွင်း အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွက် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်တစ်ဦး လျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ ရွှေပြည်သာမြို့နယ်တွင် သက်ကြီးဘိုးဘွား(၈၉၇)ဦးပြီး စုစုပေါင်းငွေ ၂၆၉၁၀၀၀၀/-ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အေးမိုး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)