မအီမြို့တွင် စည်ပင်သာယာရေးအဖွဲ့ ရုံးသစ်တက်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် စည်ပင်သာယာရေးအဖွဲ့ ရုံးသစ်တက်ပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ






MNP ၊  ဇူလိုင်  ၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သယံဇာတရေးရာဝန်းကြီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့ရုံးသစ်တက်မင်္ဂလာနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မအီမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အဆိုပါရုံးသစ်တွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ကျင်းပရာ  အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆို၍ ဆရာတော်သံဃာတော်များထံမှ မေတ္တာသုတ်တရားတော်နှင့် အနုမောဒနာတရားများကို နာယူကြပြီး ဆရာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ကြပြီး ဆရာတော်သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ ရုံးသစ်တက်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးစီးမှူး ဦးညီညီလွင်က ရုံးသစ်အဆောက်အဦအား အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပြီး ရောက်ရှိလာကြသည့်ဧည့်ပရိတ်သတ်များသို့ ရွှေမိုးငွေမိုးများရွာသွန်း၍ အခမ်းအနားကိုအောင်မြင်စွာပြီးဆုံးခဲ့သည်။  


အဆိုပါရုံးသစ်ကို ၂၀၂၁- ၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၄၂)သန်းဖြင့် ဇန်နဝါရီလမှ စတင်၍ ဆောက်လုပ်ခဲ့ခြင်းပြီး အဆောက်အဦမှာ အလျားပေ(၄၀)၊ အနံပေ(၃၀)၊ အမြင့်(၁၂)ပေ ဖြစ်ကြောင်းနှင့် ဖော်ပြပါ ရုံးသစ်တက်မင်္ဂလာ အခမ်းအနားသို့ မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် မြို့ပေါ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများက တက်ရောက်ခဲ့ကြပြီး ဧည့်ပရိတ်သတ်များကို နေ့လယ်စာဖြင့် တည်ခင်းကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။ 


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)