MNP - ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ပထမအကြိမ် မထိုးနှံရသူများနှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီကစ၍ အမှတ်(၂၄)၊ အမှတ်(၈)အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်းတို့၌ စုရပ်(၃)နေရာသတ်မှတ်၍ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြိူ့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်အဖြစ် ထိုးနှံရာတွင် အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်းမှ (၂၉၅)ဦး၊ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းမှ(၂၁၇)ဦး၊ အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်း (၃၁၆)ဦး ၎င်းကျောင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် မထိုးနှံရသူ(၁၁၂)ဦး စုစုပေါင်း(၉၄၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များဝိုင်းဝန်း၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - ဝင်းအိမွန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment