တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက် အပေါ်တိုင်းဒေသကြီးအဆင့် (အပြီးသတ်)ဆွေးနွေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက် အပေါ်တိုင်းဒေသကြီးအဆင့် (အပြီးသတ်)ဆွေးနွေးပွဲ အခမ်းအနားကျင်းပ




MNP ၊  ဇူလိုင် ၈

တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်အပေါ်တိုင်းဒေသကြီးအဆင့်(အပြီးသတ်) ဆွေးနွေးပွဲ အခမ်း အနားကိုယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့် က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် အပေါ်တွင်ဆောင်ရွက်ရမည့်လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာ များအနေ ဖြင့်ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်သည်အခါတွင်လိုအပ်ချက်များရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး၊ဦးဇော်မင်းအုန်း က ပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်း စီမံ ချက်နှင့်ပတ်သက်၍ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းဆွေးနွေးပြောကြားပြီးလက်ထောက်ညွှန်ကြားရေးမှူး၊ ဦးကျော်နိုင်မိုး က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်တွင်ဌာန တစ်ခုချင်းအလိုက် ပြင်ဆင်ထား သည့်အချက် များကိုပါဝါပိုင့်ဖြင့်အကျယ်တဝင့်ရှင်းလင်းဆွေးနွေးတင်ပြသည်။

ဆက်လက်၍တက်ရောက်လာသောဌာနဆိုင်ရာတာဝန်ရှိသူများ က  ပြင်ဆင်ထားရှိသည့်အချက်များအပေါ်တွင်လိုအပ်သည် များကိုဖြည့်စွက်ဆွေးနွေးရာ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့် က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)