ရေဦးမြို့တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထက် ကျောင်း‌သားများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဦးမြို့တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထက် ကျောင်း‌သားများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး




MNP - ဇူလိုင်   ၈

 

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်ဖြစ်သော အထက(၁)ကံ့ကော်ဆောင်ခန်းမ၊ ဆုနှင်းသဘင်ခန်းမတို့တွင် ယနေ့ နံနက် ၁၀ နာရီက  စတင်ထိုးနှံပေးလျက်ရှိ‌ ကြောင်း သိရသည်။


ကာကွယ်ဆေးထိုးနှံပေးရာတွင်  ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာသဇင်ခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးခြင်းများကို ကျောင်းသားမိဘထံ  ကြိုတင်အသိပေး စစ်ဆေးခြင်း၊ ဆေးမထိုးမီ ကျောင်းသားများ၏ ကျန်းမာရေး စစ်ဆေးပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက် ပေးပြီးမှသာ ဆေးထိုးနှံပေးသင့် မသင့်ကို သက်ဆိုင်ရာ ဆရာဝန်ခွင့်ပြုချက်ဖြင့်  စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။


ကာကွယ်ဆေးထိုးနှံပေးမှု အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှုး ဦးကျော်စိုး၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေးမှုးများ၊ ဆရာ၊ ဆရာမများက  လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ရေဦးမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးပေးမည့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အောက် ကျောင်းသားဦးရေ ၁၀၀၀ ဦးအထိ ကာကွယ်ဆေးထိုးရန် လျာထားကြောင်းနှင့် ယနေ့အထိ ကာကွယ်ဆေး ထိုးပြီးကျောင်းသားဦရေ မူလတန်း ကျောင်းသား ၃၈၁ ဦး၊ အလယ်တန်း ကျောင်းသား ၆၀ ဦးကို ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်းသိ ရသည်။


သတင်း - သန်းထိုက် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)