MNP ၊ ဇူလိုင် ၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို သံဃာတော် ငါးပါးပင့်ဆောင်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်းကြီးမှူးလျက် ကျောင်းရှိ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများက အ.ထ.က-ပေါက်တော ရွှေဘန်းခန်းမတွင် ယနေ့ နေ့လယ် (၁) နာရီကကျင်းပပြုလုပ်သည်။
အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် သံဃာတော် ငါးပါး ပင့်ဆောင်၍ ဆရာမကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများက ငါးပါးသီလ ခံယူကြပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းကြကာ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။ထို့နောက် ပေါက်တောမြို့ စန္ဒာရာမဆရာတော်ဘုရားမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသည့် အကျိုးတရားတော်မြတ်ကို ဟောကြားကာ ရေစက်သွန်းချအမျှဝေပေးသည်။ ယင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရန်အတွက် ကျောင်းအုပ်ဆရာမကြီး ဦးဆောင်၍ ဆရာ/ဆရာမ၊ ကျောင်းသားကျောင်းသူများ၏ အလှူငွေကျပ် (၁၀)သိန်းကိုမတည်၍ အခြားလှူဖွယ်ပစ္စည်းများပါဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment