လှိုင်းဘွဲမြို့နယ်၊ ရေဘုတ်ဆည်ဝန်းကျင်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ်၊ ရေဘုတ်ဆည်ဝန်းကျင်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ



MNP - ဇူလိုင်   ၃၀


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် လှိုင်းဘွဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ရေဘုတ်ဆည်အနီး ပတ်ဝန်းကျင်၌ စိုက်ပျိုးခဲ့ကြသည်။


အဆိုပါစိုက်ပျိုးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးသိန်းထွန်း၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးမှူး ဦးလှမြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ခံများ၊ ဝန်ထမ်းများ စုပေါင်း၍ ရေဘုတ်ဆည် ပတ်ဝန်းကျင်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရေဝေ၊ ရေလဲစနစ်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ ကျွန်း(၁၃၀)ပင်၊ မဟော်ဂနီ(၂၅၀)ပင်၊ မန်ဂျန်ရှား(၃၀၀)ပင်၊ ခရေ(၂၀)ပင်၊ စိန်းပန်း(၅၀)ပင်၊ မဲဇလီ(၂၅၀)ပင် စုစုပေါင်း ပျိုးပင် (၁၀၀၀)ပင် တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။


သတင်း - လင်းသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)